များသောအားဖြင့် ဖုန်းတစ်လုံးဟာရေထဲကျသွားပြီဆိုရင်တော့
ပြန်ပြင်နိုင်ဖို့ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ရေထဲပြုတ်ကျသွားတဲ့အချိန်မှာ အောက်ကပြောထားတဲ့အချက်လေးတွေကို ကြိုတင်လုပ်ထားမယ် ဆိုရင်တော့ ပြန်ရနိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ လုပ်ရမှာကလည်းသိပ်မများပါဘူး - ၁) ရေထဲကပြန်ရရခြင်း Battery ဆွဲထုတ်ထားလိုက်ပါ ၂) ဖုန်းကိုကိုင်ပြီး ရေကိုနည်းနိုင်သမျှနည်းသွားတဲ့အထိ ခါထုတ်ပစ်လိုက်ပါ။ ၃) ပြီးရင်အခြောက်ခံဖို့အတွက်နေပြင်းပြင်းတွင်းပြခြင်း Dryer အပူပြင်းပြင်း ဖြင့်မှုတ်ခြင်းများမပြုလုပ်ပါနှင့် *** ၄) အကောင်းဆုံးကတော့ ဆန်ထည့်ထားတဲ့အိုးထဲမှာ တစ်ညလောက် နှစ်ပြီးထားလိုက်ပါ (ဘက်ထရီကိုပြန်မထည့်ပါနှင့်) ပြီးရင်တော့ .. ဘက်ထရီထည့်ပြီးဖွင့်ကြည့်တာမျိုးလဲလုံးဝမလုပ်ပါနဲ့ဦး Service ဆိုင်မှာသွားစစ်ခိုင်းပြီး ပြင်ယူလိုက်တာအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကိုယ်တိုင်ဖြစ်လာတဲ့အခါမှာ ကြိုတင်သိထားပြီး အဆင်ပြေဖို့အတွက်ပါ .... အဆင်ပြေနိုင်ကြပါစေ M.Min
0 Comments
Leave a Reply. |
AuthorWrite something about yourself. No need to be fancy, just an overview. Archives
July 2013
Categories |