Apple နဲ့ Android ဘာကွာလဲလို့မေးတဲ့သူများများအတွက်ရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်။ အရင်ဆုံးကျွန်တော်အမြင်တစ်ခုအနေနဲ့တစ်ခု ကြိုပြောထားချင်တာကတော့ လက်ရှိဖြစ်နေတဲ့ အမြင်အရသာယှဉ်ပြထားခြင်းဖြစ်ပြီး တစ်ယူသန် ဒါမှဒါပဲဆိုလိုချင်တာမျိုးမဟုတ်ပါ - 1| SD Card ထည့်သွင်းအသုံးပြုနိုင်မှု့ Nexus ကလွဲပြီး Android ဖုန်းတော်တော်များများမှာ SD Card ကိုထပ်မံထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပြီး Model အလိုက်အများဆုံးထည့်သွင်းနိုင်တဲ့ပမာဏပဲကွာခြားပါတယ်။ iPhone မှာက 32GB ဖုန်းကိုဝယ်မယ်ဆို 32GB ကိုနောက်ထပ်တိုးဖို့မဖြစ်နိုင်တော့ပါဘူး။ 2| Notification Bar ရဲ့လုပ်ဆောင်ချက် Android တွေရဲ့ Notification တွေကပိုပြီးတော့ Detail ကျသလို icon တွေနဲ့အတူပိုပြီးပြည့်ပြည့် စုံစုံ ခံစားလို့ရနိုင်မှာပါ၊ iPhone တွေမှာက Notification တွေကိုဖျက်ပစ်ချင်ရင် Group အလိုက် အကုန်ဖျက်ပစ်မှရမှာဖြစ်ပြီးAndroid မှာက Notification တစ်ခုခြင်းကိုဘေးကိုတွန်းပြီးဖျက်ပစ် လို့ရတာက အားသာချက်တာခုပါ။ 3| Multitasking အသုံးပြုခြင်း နှင့် သုံးလက်စ Recent တွေရှင်းခြင်း Android မှာ ICS Version နဲ့အထက်ဆိုရင် Recent တွေကိုပုံပါပြထားသည့်အတိုင်းအလွယ် တကူရှင်းထုတ်နိုင်သလို App တစ်ခုနဲ့တစ်ခုအကူးအပြောင်းမှာလဲ လက်ရှိဖွင့်လက်စအတိုင်း ပုံမှာပြပေးထားတဲ့အတွက် အသုံးပြုရတာလွယ်ကူပါတယ်။ Apple ဖုန်းတွေမှာကတော့ recent ဖျက်ရတဲ့နေရာမှာလဲ အလုပ်ရှုပ်သလို တစ်ခုသွားတဲ့အခါမှာ icon တွေပဲဖော်ပြပေးနိုင်ပါတယ်။ 4| App များ Download လုပ်ရသော Market Android Market ဟာ ကြည့်ရတာလဲရိုးရှင်းပြီးအသုံးပြုရတာလွယ်ကူသလို Application တွေ ကိုရှာဖွေတဲ့နေရာမှာပြပေးတဲ့ Result Page ကရှာဖွေရတာအဆင်ပြေစေပါတယ် ၊ Apple Store ကတော့ App တွေရှာဖွေရှာမှာလဲတစ်ခုခုခြင်းပဲသွားလို့ရသလို Home Page ကလည်း အရမ်းရိုး သလိုခံစားရပြီး အလွယ်တစ်ကူ Download လုပ်မယ်ဆိုရင်လဲ paid application တွေများနေပါ တယ်။ Crack App တွေရှိတယ်ဆိုပေမဲ့ Install မလုပ်တတ်သူတွေအတွက် Angry Bird လို Game မျိုးကိုတော့ Market ဖွင့်ပြီး Download လုပ်ဖို့လုပ်ရင် 0.99$ တောင်းပါလိမ့်မယ် 5| Home Screen မှာ Widget များထည့်သွင်းနိုင်ခြင်း Apple မှာလုံးဝလုပ်လို့မရနိုင်တဲ့အချက်ပါ ၊ Android ရဲ့အရသာက Home Page ရှိခြင်းနဲ့ Widget တွေကတဆင့်အလွယ်တကူ ဖွင့်ခြင်းပိတ်ခြင်းတွေလုပ်လို့ရနိုင်တာပဲဖြစ်ပါတယ်။ 6| Launcher များဖြင့်အလှဆင်ခြင်း Android ဖုန်းတွေမှာဝယ်ပြီးပြီးချင်း မိမိဖုန်းပုံစံကိုမကြိုက်နှစ်သက်ဘူးဆိုရင်တောင် Launcher တွေကိုသုံးပြီး ကြိုက်သလိုအလှဆင်နိုင်တာက User တွေအတွက်အတော်ကိုအကြိုက်တွေ့စေ ပါတယ်။ 7| ကြိုက်နှစ်သက်ရာ Model နှင့် Brand များကိုရွေးချယ်ခွင့်ရှိခြင်း ဒါကတော့အထွေးအထူးပြောစရာမလိုတော့ပါဘူး ၊ တတ်နိုင်ရင်တတ်နိုင်သလိုရွေးချယ်ကိုင် ရှိသလို အတော်အတန်သင့်ဈေးပေးပြီးတော့လဲ Android ရဲ့အရသာကိုခံစားလို့ရနိုင်ပါသေးတယ်။ 8| နေ့စဉ်အသုံးပြုနေကြသော Google Serivce Apple မှာ G-Talk သုံးမယ်ဆိုရင်တော့ App တွေကသုံးရတာ Android က Talk ဆိုတဲ့ App လောက်ဘယ်နည်းနဲ့မှမလန်းနိုင်သလို Gmail App ကိုယှဉ်ကြည့်လိုက်ပါ ၊ တစ်ခုထပ်ပြီးဆိုး တာက Android မှာ Contact List တွေ Calender တွေ Photo တွေကို Sync လုပ်ပေးတဲ့ System ကိုသုံးနိုင်ပေမဲ့၊ Apple မှာက Google Service နဲ့ Sync ညံ့ဖျင်းပါတယ်။ Contact List ကို Apple ထဲမှာ တကယ်တော့ Sync လုပ်လို့ရပါတယ် ဒါမဲ့ User တွေအတွက်လုံးဝ အလွယ်တကူမဖြစ်နိုင်ပါဘူး 9| Back Button အသုံးပြုခြင်း
အကောင်းဆုံးဥပမာပေးရရင် Email တစ်ခုကိုဖတ်နေရင်းနဲ့ Link တစ်ခုကိုနှိပ်လိုက်ပြီဆိုပါစို့ Safari Browser ထဲမှာပွင့်သွားပြီး Webpage တစ်ခုကျလာမယ် Email ကိုပြန်သွားမယ်ဆိုရင် Home Button ကိုနှိပ် ၊ ပြီမှ Email App ကိုနှိပ်ပြီးတစ်ခါပြန်ဝင် ဆိုတဲ့ကိစ္စမျိုးက iPhone မှာ Back Button မပါလို့ဖြစ်ရတဲ့အကြောင်းပဲဖြစ်ပါတယ်။ 10| Customer ROM များစမ်းသပ်ခြင်း Android ဖုန်းတွေမှာက Launcher တွေဟိုတင်ဒီတင်နဲ့ ဒါတောင်ပျင်းလာပြီးဆိုရင် ROM တစ်ခုလုံးကြီးကို Custom တင်ကြည့်လို့ရနိုင်ပါသေးတယ် ၊ Apple ကတော့ Apple ပါပဲ .. ဒါက လက်ရှိဖြစ်နေတဲ့ ROM အနေထားကြောင့် ကွဲပြားမှု့တွေဖြစ်သွားတယ်ဆိုပေမဲ့ .. Apple ရဲ့ Hardware ကိုတော့အခုထိချီးကျူးမိပါတယ် ၊ သူ့ရဲ့ Battery ခံနိုင်မှု့ သက်တမ်းနဲ့ Hardware တွေရဲ့ ခံနိုင်ရည်အားကတော့ ---- Android ROM တွေသာ Apple ပေါ်မှာ တင်သုံးခွင့်ရမယ်ဆို ဆက်လက်သုံးမိဦးမှာဖြစ်ပါကြောင်း M.Min
0 Comments
ကမ္ဘာပေါ်မှာသမျောစရာအကောင်းဆုံးကတော့ မိမိဖုန်းထဲက Contact List
တွေပျောက်ဆုံးသွားခြင်းပဲဖြစ်မယ်ထင်တယ် ... :D တကယ်တော့ ... မိမိဖုန်းထဲကရှိတဲ့လိပ်စာတွေဆိုတာတော်ရုံနဲ့ ပြန်စုလို့မလွယ်လှပါဘူး ဖုန်းနဲ့အလုပ်လုပ်ပြီးဆက်သွယ်ရသူများသူတွေအဖို့ကတော့ဖုန်းလိပ်စာ ဆိုတာတန်ဖိုးမဖြတ်နိုင်အောင်ပါပဲ .. ဒီတော့ မိမိရဲ့ဖုန်းလိပ်စာတွေကို ဘယ်လိုစိတ်ချရအောင်သိမ်းထားမလဲဆိုတဲ့မေးခွန်းထွက်လာလိမ့်မယ် ထင်တယ် ... အခုကျွန်တော်ပြောပြပေးမဲ့ကတော့ ကိုယ်လိပ်စာတွေမပျောက်ပျက် အောင်စိတ်ချရတဲ့သိမ်းဆည်းနည်းပဲဖြစ်ပါတယ်။ Contact List တွေကို သိမ်းဖို့ဆိုရင် နည်းလမ်းမျိုးစုံနဲ့သိမ်းထားလို့ရနိုင်မှာဖြစ်ပြီးဒါကိုတစ်နည်း အားဖြင့် Backup လုပ်တယ်လို့ခေါ်မှာပေါ့၊ ဒါဆိုရင် ကျွန်တော်တို့တွေ များသောအားဖြင့် Contact List တွေကို ဘယ်လို BackUp လုပ်လေ့ ရှိလဲ ?? User တောာ်တော်များများဟာ SD Card ထဲကို Backup လုပ်လေ့ရှိပါတယ် ဒါကစိတ်ချရလားဆိုတော့ SD Card မပျက်ခင်အထိတော့စိတ်ချရပါတယ်။ ဒါမဲ့ SD Card ဆိုတာအပျက်အများဆုံးဖြစ်တတ်သလို SD Card ရောဖုန်းရော ပျက်သွားတာမျိုးလဲကြုံဖူးကြမှာပါ ... ဒီနည်းကအလုပ်မဖြစ်ဘူးလို့တော့မဆိုလို ချင်ပါဘူး ဒါလည်းအဆင်ပြေတဲ့နည်းတစ်ခုပါပဲ ၊ ဒါမဲ့ စိတ်ချရမှု့ရာခိုင်နှုန်းက တော့အတော်နည်းပါတယ်။ ဥပမာ ကိုယ်ဖုန်းပျောက်သွားတဲ့အခါမျိုး ရေစိုပြီး ပျက်သွားတဲ့အခါမျိုးမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့ Safe ဖြစ်နိုင်မဲ့အပိုင်းကို ပြောချင်တာပါ။ ဆိုတော့ .. ဘယ်လိုနည်းကစိတ်အချရဆုံးဖြစ်မလဲဆိုရင် Online မှာသိမ်းထားတာစိတ်အချရဆုံးပါပဲ .. Online မှာဘယ်လိုသိမ်းမလဲ ဆိုတာကတော့ နည်းလမ်းများစွာရှိပါတယ်။ များသောအားဖြင့်အဲလို Service တွေက Account တစ်ခုဖွင့်ရတယ် အဲဒီ Account ထဲမှာသိမ်းထားတယ် ဖုန်းပျက်လို့ပဲဖြစ်ဖြစ်ပျောက်လို့ပဲဖြစ်ဖြစ် တစ်ခြားဖုန်းမှာ အဲဒီ Account ကို ပြန်ပြီးတော့ Sign In ၀င်လိုက်ရင် Contact List တွေက မိနစ်ပိုင်းအတွင်းမှာ ကိုယ်ဖုန်းထဲကိုပြန်လည်ရောက်ရှိလာစေမှာဖြစ်ပါတယ်။ သဘောကတော့ ဖုန်းထဲမှာသိမ်းထားခြင်းမဟုတ်ဘဲ အွန်လိုင်း Account ထဲမှာသိမ်းထားခြင်း ဖြစ်တဲ့အတွက် အဲဒီ Account Password မမေ့ဘူးဆိုရင် ကျွန်တော်တို့ Contact List တွေက အင်တာနက် ကွန်နက်ရှင်သာရှိမယ်ဆိုရင် အချိန်မရွေး နေရာမရွေး ဖုန်းတစ်လုံးထဲကိုပြန်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ ဒီတော့ .. ဘယ်လိုသိမ်းကြမလဲ? Account ဘယ်လိုဖွင့်ကြမလဲ? ဘယ် Service ကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းတွေထပ်မေးစရာပါ ... ကျွန်တော်အတွက်က တော့အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးဖြစ်တဲ့ Google Service ကိုပဲညွှန်းချင်ပါတယ် တစ်ခြားတစ်ခြားသော serivce တွေရှိနေတယ်ဆိုပေမဲ့ မိမိတို့နေ့စဉ်နေ့တိုင်းသုံးနေ တဲ့ Gmail, GTalk တွေနဲ့တွဲရက်ဖြစ်နေတဲ့ Google service ကိုရွေးချယ်လိုက်ရင် အသုံးပြုရတာလဲ Account အများကြီးဟိုတစ်ခုဒီတစ်ခုလိုက်မမှတ်ရတဲ့အပြင် လွယ်ကူစေမှာလဲဖြစ်ပါတယ်။ Google Server မှာ Contact List တွေဘယ်လိုသိမ်းမလဲ ?? Gmail သုံးဖူးနေသူတွေအတွက်ဆိုရင်တော့ ဒီပို(စ်)ကဖတ်ရတာပိုလွယ်ပါလိမ့်မယ် Gmail ကိုမသုံးဖူးထားသေးဘူးဆိုရင်တော့ နည်းနည်းတော့နားလည်ရခက်ပါမယ် ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်စလုံးကိုမျှတအောင်ကြိုးစားပြီးရှင်းပြပါ့မယ်။ လိုတာကတစ်ခုပါပဲ ၊ မိမိမှာ ကိုယ်ပိုင် Google Account တစ်ခုရှိရပါမယ် Google Account ဆိုတာကတော့ Google ကနေပေးထားတဲ့ Free Service ဖြစ်ပြီး အဲဒီ Account ရှိခြင်းအားဖြင့် Gmail သုံးလို့ရမယ် ၊ GTalk ပြောလို့ရမယ် ၊ Youtue account ကိုဖွင့်စရာမလိုဘဲ Google Password နဲ့တန်းဝင်နိုင်မယ် Map ကိုသုံးလို့ ရမယ် Google Play Store မှာ Application တွေ Download လုပ်နိုင်မယ် Blog ရေး နိုင်မယ် Cleandar ကိုသုံးလို့ရမယ် ကိုယ်ရဲ့ Data တွေကို Store လုပ်ထားလို့ရမယ် (Google Service အကြောင်းအားအကျယ်ဖွင့်ပြီးနောက် Post တစ်ခုတွင်ပြန်ရှင်းပေးပါမည်) Google Account ရှိပြီ မိမိဖုန်းထဲကို Sign In လဲဝင်ထားပြီးပြီဆိုရင် Android ရှဲ့Setting ထဲမှာ Account & Sync ဆိုတဲ့ထဲကိုဝင်လိုက်ပါ JellyBean တွေမှာကတော့ Sign In ၀င်ထားရင် Setting ထဲမှာ Google ဆိုပြီးပေါ်နေပါမယ် အဲဒီထဲကိုတဆင့် ၀င်ပါ ပြီးရင် မိမိAccount အမည်ကိုတွေ့လျှင်နှိပ်ပြီးထပ်ဝင်ပါ .. အထဲရောက်လျှင် Google ရဲ့ Service တွေကိုတွေ့ရမယ်ဖြစ်ပြီး အကုန်လုံးကို Click လျောက်ပေးထား မယ်ဆိုရင်တော့ Online သုံးရင်အမြဲ Sync လုပ်ပြီးလေးနေပါလိမ့်မယ် Gmail နဲ့ Contact ကိုပဲ Click ပေးထားပြီး Contact ကိုတစ်ချက်နှိပ်လိုက်ရင် Syncronize စတင်လုပ်ပါပြီး အဲအချိန်မှာ အင်တာနက်ဖွင့်ပေးထားဖို့တော့လိုပါတယ် ၊ သဘောက မိမိထဲမှာရှိတဲ့ Contact တွေကို Google Account ထဲက Contact ထဲမှာသွားသိမ်းပေး ထားသလို Gmail ထဲမှာရှိတဲ့ Contact တွေလဲကိုယ်ဖုန်းရဲ့ Contact List ထဲကိုရောက် လာမှာဖြစ်ပါတယ်။ စမ်းသပ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် (အသုံးဝင်မယ်ထင်ရင် မိမိသူငယ်ချင်းများကို Share လုပ်ခြင်းဖြင့်ကူညီပါ) အဆင်ပြေနိုင်ပါစေ M.Min Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery ခံနိုင်မှု့
သက်တမ်းလို့ပြောရင်ရနိုင်ပါတယ်။ ဒါကလည်း LCD Display ရဲ့အဓိကသုံး စွဲနေမှု့အပိုင်းပါပဲ၊ အဲဒီတော့ ဒီ Post မှာဘယ်အပိုင်းတွေကြောင့် Battery စားနေသလဲဆိုတာကို ကိုယ်ဘာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် . အားခံအောင်ဘယ်လိုအချက်မျိုးတွေကိုရှောင်သင့်တယ်ဆိုတဲ့အချက်တွေ ကိုပြောပြပေးသွားပါမယ်။ ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ? တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာဘယ်အပိုင်းကဘယ် လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကိုအမြဲတမ်းစောင့် ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့် မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Information အပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက်ရင် Screen က Battery ကို ဘယ်လောက်ရာခိုင်နှုန်းလောင်းသုံးထားတယ် Voice Call ကဘယ်လောက် ရာခိုင်နှုန်းလောက်သုံးထားတယ် စသည်ဖြင့်ပြနေပါလိမ့်မယ်။ အပေါ်ဆုံးမှာရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ် ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။ Battery အားခံအောင်ဘယ်လိုထားကြမလဲ? Battery အားကိုတတ်နိုင်သမျှခံနိုင်ရုံကိုထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့ အရေအသွေးထက်ပိုပြီးစွမ်းဆောင်နိုင်အောင်လုံးဝလုပ်လို့မရပါဘူး၊ ရခဲ့လျှင် လည်း ၁နှစ်ခံမဲ့ Battery က ၅ လနဲ့ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့ Battery Widget တွေ Battery App တွေက ပြောရရင်ပိုပြီးတော့တောင် မိမိဖုန်းကိုအားကုန်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှဘယ် လောက်အတိုင်းအတာကျန်သေးလဲဆိုတာကို Notification Bar မှာ Update ဖြစ်အောင်စောင့်ကြည့်ပေးနေရလို့ပါပဲ၊ ဒါဟာ CPU ကိုပိုမိုသုံးစွဲစေပြီး အားကိုပိုကုန်စေတယ်ဆိုတာကျိန်းသေးပါတယ်။ မည်သည့်ဖုန်းမဆို ၀ယ်တည်းက Battery အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာကို ပြသပေးတဲ့ဟာကပါထားပြီးသားပါ ဒါကိုမှထပ်တိုးပြီးနောက်ထပ် App ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့သဘောပါပဲ။ နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာဖြစ်တဲ့အတွက် Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှမိမိ ဖုန်းကိုအားခံအောင်ဘယ်လိုသုံးမလဲဆိုတာကတော့ အားသုံးစေမဲ့ အပိုင်းတွေကိုပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့သလိုဘယ် အပိုင်းကြောင့် Battery စားနေလဲဆိုတာကိုကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်း တွေကိုပိတ်သင့်တဲ့အချိန်ပိတ်ထားပါ၊ ကျွန်တော်အနေနဲ့ကတော့အောက်ကအပိုင်းလေးတွေကိုအကြမ်းဖြင်း ထိမ်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကိုပိုမိုကောင်းမွန်လာ မယ်လို့ယူဆပါတယ်။ ၁) GPS ကိုအမြဲဖွင့်မထားပါနဲ့ GPS ဆိုတာက Connection ကိုအမြဲလိုက်ဖမ်းနေတာဖြစ်တဲ့အတွက်ကြောင့် GPS ကိုအမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာဖြစ်ပါတယ်။ ၂) Wifi ကိုမသုံးရင်ပိတ်ထားပါ Wifi ကိုချိတ်ပြီးသုံးနေတယ်ဆိုရင်တော့ဖွင့်ထားရမှာဖြစ်ပေမဲ့၊ Wifi ကိုချိတ်သုံး နေခြင်းမဟုတ်ဘဲဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်းအနီးနားမှာရှိတဲ့ Connection တွေကိုနောက်ကွယ်မှာလိုက်လံဖမ်းယူနေတာဟာလဲ Battery အား ပိုကုန်စေပါတယ်။ ၃) Bluetooth ကိုမသုံးရင်ပိတ်ထားပါ တစ်ချို့သော User တွေကအမှတ်မထင်ဖွင့်ထားမိတတ်တာမျိုးရှိပါတယ်။ သဘော ကတော့ Wifi နဲ့အတူတူပါပဲ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေ အထားကိုအလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာဖြစ်ပါတယ်။ ၄) Screen Brightness ကိုအဆုံးထိတင်မထားသင့်ပါ အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့အဓိကသုံးစွဲတဲ့အပိုင်းဟာ Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကိုအဆုံးထိတင် ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကိုပိုစားစေမှာဖြစ်ပါတယ်။ ၅) Live Wallpaper များသုံးခြင်း ဒါကတော့မိမိဖုန်းကိုအလှဆင်မှု့အပိုင်းဖြစ်တဲ့အတွက်မလုပ်သင့်ဘူးလို့တော့ ပြောလို့မရပါဘူး၊ ဒါမဲ့ ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေ က Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ပြသနာမကြီးပေမဲ့ တစ်ချို့ Live Wallpaper တွေက animation ကိုတော်တော်များများကြီးသုံးတတ်ပါတယ်။ အဲလိုသုံထားပြီးဆိုရင်တော့ Battery Information ထဲမှာဝင်ကြည့်ကြည့်လိုက် အားသုံးသည့် ရာခိုင်းနှုန်း ကိုအများဆုံးဆုံးမဟုတ်ရင်တောင် ဒုတိယနေရာ တတိယနေရာလောက်မှာကျိမ်းသေရှိနေပါလိမ့်မယ်။ ၆) အားကုန်ခမ်းအောင်အသုံးပြုခြင်း ဒီအပိုင်းကတော့ Battery ပိုကုန်စေတာမဟုတ်ပါဘူး၊ Battery ရဲ့သက်တမ်းကို တိုစေတာပါ။ Battery ရဲ့သက်တမ်းကိုကုန်ခမ်းသွားအောင်သုံးပြီးမှ အားပြန်သွင်း တာကို ၁၀ ကြိမ်မှာတစ်ကြိမ်သက်သက်လုပ်ပေးသင့်ပါတယ်။ ဒါမဲ့အမြဲတမ်းဖြစ် နေမယ်ဆိုရင်တော့ Battery သက်တမ်းကကျိန်းသေကျဆင်းသွားပါလိမ့်မယ်။ ၁ နှစ်ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ပျက်ဆီးပြီးလဲပစ်ရတာ မျိုးရှိသလို၊ အားသွင်းလိုက်ရင်လည်းအရင်က ၁ နာရီခံတဲ့ဖုန်းက နာရီဝက်ပဲခံတော့ တာမျိုးပြသနာတွေကြုံလာရမှာဖြစ်ပါတယ်။ ၇) Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည် ဒါကတော့တစ်ခါတစ်ရံမှာကြုံရမှာပါ၊ အများဆုံးအဖြစ်များတာကတော့ ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့၊ လိုင်းကမမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio ကလိုင်းဆွဲအားကိုပိုသုံးနေရပါတယ်။ လိုင်းလဲမိရောဖုန်းပြောစရာအားမရှိတာ မျိုးကြုံတတ်ပါတယ်။ ဒါကြောင့်လိုင်းလုံးဝမမိတော့ဘူးဆိုရင် Airplane Mode ON ထားလိုက်မျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ထားရင် အားကုန်သက်သာစေမှာဖြစ်ပါတယ်။ ၈) Battery သုံးမဲ့ App တွေကိုလေ့လာစောင့်ကြည့်ခြင်း တစ်ချို့တွေကမိမိဖုန်းထဲမှာ App များပြီးရောဆိုပြီးထည့်ထားတတ်ကြပါတယ်။ အဲလိုထည့်ထားလိုက်ရင် ဘယ် App တွေကဘာမှန်းမသိဘဲနောက်ကွယ်မှာ Run နေတတ်တာမျိုးတွေရှိပါတယ်။ တစ်ချို့ App တွေဆိုနောက်ကွယ်မှာအမြဲ တမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုး တွေရှိပါတယ်။ ဥပမာ ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကိုအပြည့်အ၀ ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာကြီး ဆွဲယူသုံးဆွဲနေတာမျိုးမဟုတ်ပေမဲ့ Battery အားကိုအသုံးပြုနေတာကတော့ အမှန်ပါပဲ။ အဲဒါတွေသုံးမှဖုန်းပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက Memory Management တွေ Cache Management တွေပါပြီးသားပါ ဒါကို App သုံးပြီးရှင်းတာဟာ မလိုအပ်တဲ့အချိန်မှာရှင်းရင်ပိုပြီးတော့လေးလံစေပါတယ်။ (ဒီအကြောင်းကိုဒီအပိုင်းမှာအကျယ်တပွင့်မရှင်းလိုပါ၊ သိလိုသူများရှိပါက comment ထားခဲ့နိုင်ပြီး နောက်ပိုစ်တစ်ခုဖြင့်ရှင်းပြပေးပါမည်၊) ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့တိုက်ရိုက်စွဲဆိုပြီး List ထုတ်ပေး လို့မရပါဘူး၊ ကိုယ် Phone ထဲက Battery Information မှာဝင်စစ်ကြည့်လိုက်ရင် ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့အချက်ကိုတွေ့ရပါလိမ့်မယ်။ ကောင်းပါပြီ ... အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကိုသေချာအမြဲတမ်းသတိထားမယ် ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှု့ကိုထိမ်းချုပ်နိုင်ပါလိမ့်မယ်။ တကယ်တော့ Factory Default ထက်ပိုမိုပြီးအားကိုသုံးလို့မရနိုင်ပါဘူး၊ အဲလိုရနိုင်တဲ့ App တွေဆိုတာကလည်း အပေါ်ကပြောတဲ့အချက်တွေကို Setting ထဲမှာအလို လိုလိုက်ပြင်ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ် ဆိုရင်တော့ အကောင်းဆုံးနဲ့စိတ်အချရဆုံးမယ်ဖြစ်မယ်လို့ပြောချင်ပါတယ်။ အဆင်ပြေနိုင်ပါစေ M.Min များသောအားဖြင့် ဖုန်းတစ်လုံးဟာရေထဲကျသွားပြီဆိုရင်တော့
ပြန်ပြင်နိုင်ဖို့ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ရေထဲပြုတ်ကျသွားတဲ့အချိန်မှာ အောက်ကပြောထားတဲ့အချက်လေးတွေကို ကြိုတင်လုပ်ထားမယ် ဆိုရင်တော့ ပြန်ရနိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ လုပ်ရမှာကလည်းသိပ်မများပါဘူး - ၁) ရေထဲကပြန်ရရခြင်း Battery ဆွဲထုတ်ထားလိုက်ပါ ၂) ဖုန်းကိုကိုင်ပြီး ရေကိုနည်းနိုင်သမျှနည်းသွားတဲ့အထိ ခါထုတ်ပစ်လိုက်ပါ။ ၃) ပြီးရင်အခြောက်ခံဖို့အတွက်နေပြင်းပြင်းတွင်းပြခြင်း Dryer အပူပြင်းပြင်း ဖြင့်မှုတ်ခြင်းများမပြုလုပ်ပါနှင့် *** ၄) အကောင်းဆုံးကတော့ ဆန်ထည့်ထားတဲ့အိုးထဲမှာ တစ်ညလောက် နှစ်ပြီးထားလိုက်ပါ (ဘက်ထရီကိုပြန်မထည့်ပါနှင့်) ပြီးရင်တော့ .. ဘက်ထရီထည့်ပြီးဖွင့်ကြည့်တာမျိုးလဲလုံးဝမလုပ်ပါနဲ့ဦး Service ဆိုင်မှာသွားစစ်ခိုင်းပြီး ပြင်ယူလိုက်တာအကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကိုယ်တိုင်ဖြစ်လာတဲ့အခါမှာ ကြိုတင်သိထားပြီး အဆင်ပြေဖို့အတွက်ပါ .... အဆင်ပြေနိုင်ကြပါစေ M.Min နေ့တိုင်းအမေးခံနေရတဲ့မေးခွန်းတွေကိုဒီနေရာနေပဲပြန်ဖြေပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ... မေး။ ဖုန်းကအရမ်းလေးနေလို့ဘယ်လိုလုပ်ရမလဲ ? ဖြေ။ မည်သည့်ဖုန်းအမျိုးစားတွင်မဆို (Model နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ) မိမိတို့၏ဖုန်းအရမ်းလေးနေပြီဆိုပါက ဖုန်း၏အနောက်မှ Battery အဖုံးကိုဖွင့်ပါ။ Battery ကိုခေတ္တထုတ်ထားပါ။ Battery ထုတ်ထားသောဖုန်းအား ချိန်စ၍ပြန်ကိုင် ကြည့်ပါ။ အနည်းငယ်ပေါ့သွားပါလိမ့်မည်။ နောက်ထပ်ထပ်မံမလေးစေချင်လျှင်တော့ ဘယ်သောအခါမှ Battery ကိုပြန်မတတ်ပဲသုံးပါ။ ဘယ်သောအခါမှအရင်လောက် လေးတော့မည်မဟုတ်ပါ။ မေး။ ဖုန်းကသုံးနေရင်းနဲ့အရမ်းပူလာရင်ဘယ်လိုလုပ်ရမလဲ ဖြေ။ ဖုန်းတစ်လုံးဟာအရမ်းအပူချိန်မြင့်တာဟာမကောင်းတဲ့လက္ခဏာပါ။ အပူချိန်မမြင့်ပါစေနဲ့။ အပူချိန်အရမ်းမြင့်လာတယ်ဆိုရင်တော့ ရေစိုဝတ်ကလေးအုပ်ထားပေးပါ။ ဒီထက်မှအဆင်မပြေ ပါက ဖုန်းနဲ့အတူရေအိုးထဲကိုတစ်ညအိပ်လောက်ဝင်နေလိုက်ပါ။ မေး။ ကျွန်တော်ဖုန်းမှာ ဗိုင်းရပ်(စ်)၀င်နေလို့ဘယ်လိုသတ်ရမလဲ ဖြေ။ ဗိုင်းရပ်(စ်) ၀င်တာသေချာပြီဆိုရင်တော့ ပထမဦးဆုံးဖုန်းကို Power ပိတ်လိုက်ပါ။ အဆင် ပြေမဲ့ဝက်အူလှည့်တစ်ချောင်းဖြင့် နောက်ဖုံးကိုဖွင့်ပါ။ လက်သည်းညှပ် သို့ မဟုတ် ဇာဂနာဖြင့်ကော် ထုတ်ပါ။ ဤနည်းအတိုင်းအဆင်မပြေပါက အရက်ပြန်ခွက်ထဲတွင် သုံးလေးမိနစ်လောက်စိမ်ထား လိုက်ပါ။ ကျိမ်းသေမုချသေသွားပါလိမ့်မည်။ နောက်ထပ်မ၀င်အောင်ဆိုရင်တော့ မိမိဖုန်းအားလေလုံ သောဗူးလေးတစ်ခုဖြင့်ထည့်ထားပါ။ စိတ်အချရဆုံးကတော့ အာမခံ ကုမဏီတွေမှာသွားရောက် အပ်နှံထားလျှင်အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ မေး။ Root လုပ်တယ်ဆိုတာဘာကိုပြောတာလဲ ဖြေ။ Root ဆိုတဲ့အဓိပါယ်ကမြန်မာလိုပြန်ရင် အမြစ် လို့အဓိပါယ်ရပါတယ်။ အဆင်ချောအောင် ပြောရရင်တော့ Root လုပ်တယ်ဆိုတာ အမြစ်နှုတ်တာပါ။ အဲဒီ အမြစ် လေးထွက်သွားပြီဆိုမှ မြန်မာဖောင့်ကိုအစားထိုးပြီးထည့်ရပါတယ်။ အကယ်၍ ကိုယ်တိုင် Root လုပ်ကြည့်ချင်တယ်ဆို ရင်တော့ လိုအပ်မဲ့ပစ္စည်းတွေက သံတူယွင်း တစ်ချောင်း၊ ထင်းခုတ်ဓါးမတစ်ချောင်း၊ နိုင်လွန်ကြိုး တစ်ခွေ နဲ့ ရေထည့်ထားတဲ့ရေခွက်တစ်ခွက်နဲ့ဆိုရပါပြီ။ အမြစ်နှုတ်နည်းအဆင့်ဆင့်ကတော့ အရင်ဆုံးဖုန်းကိုမြေထဲမြုတ်ပါ ၊ အပေါ်မှရေနဲ့လောင်းပါ ၊ တူယွင်းနဲ့ပြန်တူးပါ၊ ထွက်လာလျှင် ဓါးမနဲ့ခုတ်ပါ ၊ ပြီးလျှင် နိုင်လွန်ကြိုးနဲ့လည်ပင်းချည်ပြီးဆွဲထားလိုက်ပါ။ မြန်မာဖောင့်ထည့်သွင်း နည်းကတော့ နောက်မှရေးသားပေးပါမယ်။ မေး။ ဖုန်း Screen ကမငြိမ်ဘူးဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ ?? ဖြေ။ ဒီလိုမျိုးမငြိမ်မသက်ဖြစ်တဲ့ လက္ခဏာဟာ ဖြေရှင်းရခက်ခဲပါတယ်။ အကောင်းဆုံးကတော့ ဘုန်းကြီးကျောင်းကိုပို့ထားပြီး တရားဓမ္မကျင့်ကြံခိုင်းတာအကောင်းဆုံးပါပဲ။ မေး။ ဖုန်းထဲမှာထည့်ထားတဲ့ Game တွေမနက်ကကြည့်တာရှိသေးတယ်၊ အခုအလိုလိုပျောက်သွားလို့ ဖြေ။ ရဲတိုင်ပါ။ အမူ့ဖွင့်ပါ။ အတော်ဆုံးရှေ့နေတစ်ယောက်နဲ့တိုင်ပင်ပြီးပြန်ရအောင်ကြိုးစားပါ။ သက်သေရှိရင်တော့ပိုကောင်းပါတယ်။ မေး။ Message ပို့တာမထွက်လို့၊ တစ်ခါတလေထွက်သွားရင်လဲဟိုဘက်ကိုရောက်ဖို့ကြာနေ တတ်တယ် ဘယ်လိုလုပ်ရမလဲ ?? ဖြေ။ ဒါကတော့သေသေချာချာလေ့ကျင့်ပေးထားဖို့လိုပါတယ်။ တစ်ချို့ Message တွေက ပို့လိုက်ရင် ချက်ခြင်းရောက်မသွားဘဲလမ်းမှာဟိုဝင်ဒီဝင်လျောက်လုပ်နေတတ်ပါတယ်။ တစ်ခါတစ်လေ နယ်ခြား မြို့ခြားတွေကိုပို့ပြီဆို ကားချိန်မမှီလို့နောက်ကျကျန်နေခဲ့တာမျိုးရှိတတ်ပါတယ်။ ဖြေရှင်းနည်းကတော့ ညအိပ်ခါနီးတိုင်း "Message လေးရယ် လိမ်လိမ်မာမာနေပါဟယ်" ဆိုပြီးဖုန်းကိုသသေချာချာကြည့် ပြီးနေတိုင်းပြောပေးပါ။ အဲဒါမှမရင် တုတ်နဲ့ရိုက်ပါ။ ချိတ်နဲ့ထိုးပါ၊ ဆောင့်ဆွဲပါ။ နောက်ဆိုအလိုလိုသင် ပို့ခိုင်းသမျှကိုကြောက်ပြီးလုပ်ပါလိမ့်မယ်။ မေး။ ဖုန်းကဆက်ရင်ချက်ခြင်းခေါ်မရဘူးဖြစ်နေတယ်။ ဖြေ။ "Message လေးရယ် လိမ်လိမ်မာမာနေပါဟယ်" ဆိုတဲ့နေရာမှာ "Phone လေးရယ် လိမ်လိမ်မာမာ နေပါဟယ်" လို့ပြောင်းပြီးအပေါ်ကနည်းအတိုင်းပဲလုပ်ကြည့်လိုက်ပါ။ အဲဒါနဲ့မရရင် ဆက်သွယ်ရေးကိုခဲနဲ့ သွားထုပါ။ နောက်ထပ်မေးထားသောမေးခွန်းများအားကြိုးစားပြီးဖြေကြားပေးသွားပါမည်။ :P ပျော်ရွင်နိုင်ပါစေ M.Min ဖုန်းထဲမှာအင်တာနက်မသုံးတတ်လို့ဆိုတဲ့သူတွေအတွက်ပါ။ အခုရှင်းပြပေးမှာကတော့ဖုန်းထဲမှာမှမဟုတ် ပါဘူးအင်တာနက်အသုံးပြုတဲ့အခြေခံသဘောတရားလေးကိုပြောသွားမှာဖြစ်ပါတယ်။လုံးဝအခြေခံကြဆုံးဖြစ် တဲ့အတွက်သုံးတတ်သူများအဖို့ဒီ Post ကိုကျော်သွားနိုင်ပါတယ်။ မသိသေးသူကိုရှင်းပြတဲ့အတွက်အရိုးရှင်း ဆုံးစကားလုံးသုံးထားပါတယ်။ ပြောပြမဲ့အကြောင်းအရာခေါင်းစဉ်အနေနဲ့အောက်အတိုင်းအပိုင်းခွဲပေးထား ပါတယ်။ ၁) အင်တာနက်ဆိုသည်မှာ ၂) အင်တာနက်စာမျက်နှာများရဲ့လိပ်စာ ၃) အသုံးပြုမည့် Browser ၄) အင်တာနက်စာမျက်နှာတွေကိုဘယ်လိုကြည့်မလဲ ၅) အင်တာနက်မှာလိပ်စာတွေမသိရင်ဘယ်လိုရှာဖွေမလဲ ၁) အင်တာနက်ဆိုသည်မှာ အခြေခံအသုံးပြုသူများအနေနဲ့ရိုးရိုးရှင်းရှင်းဥပမာပေးရမယ်ဆိုရင် အင်တာနက်ဆိုတာအခုကျွန်တော်တို့ လက်ရှိသုံးနေတဲ့ဖုန်းလိုင်တွေလိုပါပဲ၊ ဖုန်းလိုင်းတွေမှာ ဖုန်းကိုတစ်လုံးနဲ့တစ်လုံးအချိန်မရွေးခေါ်ဆိုလို့ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းတွေအကုန်လုံးဟာ ဖုန်းစက်ကွင်းထဲမှာဝင်ချိတ်ထားလို့ပါ။ ဒါဆိုရင် ကျွန်တော် ဖုန်းကို တစ်ခြားနိုင်ငံကိုယူသွားပါမယ်၊ ကျွန်တော်ဖုန်းခေါ်ကြည့်ပါမယ်၊ ရှင်းပါတယ်။ ကျွန်တော် ဖုန်းအလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဖုန်းဟာ မြန်မာနိုင်ငံရဲ့စက်ကွင်းနဲ့ ချိတ်ဆက်ထားခြင်းမရှိတော့လို့ပါပဲ။ အခုပေးတဲ့ ဖုန်းဥပမာအတိုင်းပါပဲ အင်တာနက်ဆိုတာကလည်း Computer တစ်လုံးနဲ့တစ်လုံး Phone တစ်လုံးနဲ့တစ်လုံးကိုချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ ဒါမဲ့ အင်တာနက် ၏ကတော့ဖုန်းရဲ့စက်ကွင်း ထက်တော့အဆပေါင်းများစွာကြီးပါတယ်။ အင်တာနက်ရဲ့စက်ကွင်းချိတ်ဆက်မှု့ကတစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ပါ။ အခုကျွန်တော်တို့ဖုန်းတွေကခေါ်ခါနီးမှစက်ကွင်းကို ချိတ်ရတာမဟုတ်ပါဘူး ဒါကြောင့်ဖုန်းစက်ကွင်းဆိုတာ အမြဲတမ်း Online အွန်လိုင်း ဖြစ်နေမှာပါ။ စက်ကွင်းရဲ့လိုင်းပေါ်မှာအမြဲရှိတယ်ဆိုတဲ့သဘောပါပဲ။ အွန်းလိုင်းတတ်တယ်ဆိုတဲ့စကားကိုခဏခဏကြားဖူးနေကြမှာပါ။ အင်တာနက်လဲဒီလိုပါပဲ Online တတ်တယ်ဆိုတာ အင်တာနက်စက်ကွင်းနဲ့ဝင်ချိတ်လိုက်တဲ့သဘောပါပဲ။ ဖုန်းဖွင့်လိုက်ပြီဆိုတာနဲ့ ဖုန်းရဲ့စက်ကွင်း ဧရိယာသက်မှတ်ထားသလောက်၊ ကျယ်ပြန့်သလောက်စက်ကွင်းအတွင်းက ဖုန်းတွေကိုလှမ်းပြီးခေါ် ယူနိုင်မှာဖြစ်သလို အင်တာနက်ဖွင့်လိုက်ပြီဆိုရင်လဲOnline ပေါ်မှာရှိတဲ့တစ် ကမ္ဘာလုံးကကွန်ပျူတာတွေ ဖုန်းတွေနဲ့ချိတ်ဆက်လိုက်ခြင်းပဲဖြစ်တယ် လို့ယေဘူယျမှတ်သားထားနိုင် ပါတယ်။ တစ်ဖက်ကဖုန်းပိတ်ထား ရင် ကိုယ်ဘက်ကဖုန်းလှမ်း ခေါ်လို့မရ သလိုဘဲ တဖက်က Online ပေါ်မှာရှိမနေရင် ကိုယ်ဘက် ကဆက်သွယ်လို့ရမှာမဟုတ်ပါဘူး။ အဲလောက်ဆိုရှင်းမယ် လိုမျှော်လင့်ပါတယ်။ ၂) အင်တာနက်စာမျက်နှာများရဲ့အမည် (သို့) လိပ်စာ အခုဆက်ပြီးပြောမှာကတော့ အင်တာနက်စာမျက်နှာတွေရဲ့လိပ်စာတွေအကြောင်းပါ။ ရှင်းပါတယ်၊ လှမ်းခေါ်မယ် (သို့) လှမ်းဆက်သွယ်မယ်ဆိုရင် ဘယ်သူ့ကိုခေါ်မှာလဲဆိုတဲ့မေးခွန်းထွက်လာမှာပါ။ သူ့ကိုခေါ်မှာဆိုရင် သူ့ကဘယ်သူလဲဆိုတဲ့မေးခွန်းထပ်ထွက်လာပါမယ်။ ဖုန်းနဲ့ပဲပြန်ဥပမာပေးရမယ်ဆိုရင် ဘယ်ဖုန်းနံပါတ်ကိုခေါ်မလဲဆိုတာမသိရင် ဘယ်သူ့ကိုမှခေါ်လို့မရတာရှင်းပါတယ်။ ဒါဆိုရင် အင်တာနက်မှာလဲ ဘယ်သူ့ကိုဆက်သွယ်မှာလဲ ဘယ်ဟာကိုလှမ်းကြည့်မလဲဆိုတဲ့အတွက် သူတို့ရဲ့အမည်တွေရှိပါတယ်။ ကျွန်တော်တို့ဖုန်းနံပါတ်တွေရှိသလို့ အင်တာနက်မှာလဲ Address လိပ်စာတွေရှိကြပါတယ်။ ဆိုကြပါစို့ အခု အင်တာနက်ရဲ့စာမျက်နှာတစ်ခုကိုဖွင့်ကြည့်မယ်၊ ဘယ်စာမျက်နှာလဲ .... Eleven မီဒီယာရဲ့စာမျက်နှာ ဒါဆိုရင် Eleven မီဒီယာရဲ့ အင်တာနက်စက်ကွင်း ပေါ်ကလိပ်စာကိုသိဖို့လိုပါပြီ။ များသောအားဖြင့် website အင်တာနက်စာမျက်နှာတွေရဲ့လိပ်စာမှာ သက်ဆိုင်သူရဲ့အမည်တွေပါလေ့ရှိကြပါတယ်။ ဥပမာပြောရရင်တော့ Eleven မီဒီယာရဲ့လိပ်စာဆိုရင် http://www.eleven-media.com ပဲဖြစ်ပါတယ်။ ကံဆိုးတာကတော့ အင်တာနက်လိပ်စာတွေ က မြန်မာလိုမဟုတ်တော့မှတ်ရတာအခက်အခဲရှိကောင်းရှိမှာပါ။ အောက်မှာကျွန်တော်ပုံတစ်ပုံပေးထားပါ တယ်။ ဒါကတော့ အင်တာနက်လိပ်စာမှတ်သားနည်းလို့ပြောလို့ရသလိုအင်တာနက်လိပ်စာတွေရဲ့ဖွဲ့စည်း ပုံလဲဖြစ်ပါတယ်။ ပုံမှာတွေတဲ့အတိုင်း http:// ဆိုတာမည်သည့်အင်တာနက်လိပ်စာတိုင်းမှာမဆိုပါနေမှာဖြစ်ပါတယ်။ အဲနောက်ကမှ www. ဆိုတာကလည်းများသောအားဖြင့်လိပ်စာတိုင်းမှာပါပါတယ်။ အဲဒီအနောက်ကမှာ မှတ်သားထားရမဲ့လိပ်စာအမည်ပါ။ နောက်က .com ဆိုတာကလည်းများသောအားဖြင့် စာမျက်နှာလိပ် စာတိုင်းမှာပါပါတယ်။ ဒီတော့အင်တာနက်စာမျက်နှာရဲ့လိပ်စာတစ်ခုမှတ်တော့မယ်ဆိုရင် အလယ်ကသူ့ရဲ့အမည်လေးကိုမှတ်ထားလိုက်ရင်လွယ်ပါတယ်။ နောက်တစ်ခုအရေးကြီးတာကတော့အင် တာနက်လိပ်စာရိုက်ရာမှာ www.google.com ဆိုတဲ့လိပ်စာကို w ww. google .com လို့ကြားထဲမှာ Space တွေခြားပြီးရိုက်လိုက်ရင် အဲဒီလိပ်စာကအလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ ဘယ်လိုအလုပ်မလုပ်မ လဲဆိုတာတွေ၊အခုလိပ်စာတွေကိုဘယ်မှာပြန်သုံးပြီးအင်တာနက်ဖွင့်ကြည့်ရမယ်ဆိုတာကိုတော့ အောက်မှာ ဆက်ရှင်းပေးပါမယ်။ ၃) အသုံးပြုမည့် Browser လာပါပြီ ဒါကတော့ အပေါ်ကအင်တာနက်လိပ်စာတွေကိုပုံဖော်ပေးမဲ့ကောင်ပါပဲ၊ (ဘရောက်စာ) Browser လိုခေါ်ပါတယ်၊ မိမိဖုန်းမှာပဲဖြစ်ဖြစ်၊ Computer ထဲမှာပဲဖြစ်ဖြစ် Browser ဆိုတာအင်တာနက် အသုံးပြုရာမှာ အသုံးချခံပစ္စည်းတစ်ခုအနေနဲ့ပါဝင်ပေးမဲ့တစ်ခုပါ။ Browser လို့ပြောလိုက်ရင် အကုန်လုံး နဲ့အကျုံးဝင်ပါတယ်။ ဆိုလိုတာက အခုဖွင့်ကြည့်ကြည့်နေတဲ့ Firefox ကလည်း Browser ပါပဲ၊ Chrome ကလဲ Browser ပါပဲ ဖုန်းတွေမှာဆို ၀ယ်ဝယ်ခြင်းမှာတင် Browser တစ်ခုအမြဲပါလေ့ရှိပါတယ်။ ဘယ် Browser ကိုအသုံးပြုပြုအားလုံးကတော့သဘော တရားအတူတူတွေပဲဖြစ်ပါတယ်။ မျက်စိထဲမြင်သွား လို့ရအာင်လို့ Browser ကိုအောက်မှာပုံနဲ့ပြထားပါတယ်။ ဖုန်းတွင်မြင်ရမည့်မြင်ကွင်း ပုံထဲကအတိုင်း Browser မှာအပေါ်ကရှင်းပြခဲ့လိပ်စာတွေကိုသုံးပါမယ်။ ဘယ်လို Browser အမျိုးစားမဆို အဲဒီ Browser ရဲ့အပေါ်ပိုင်းမှာ Address Box လိပ်စာအမည်ရိုက်မဲ့နေရာပါပါတယ်။ ဒါဆိုရှင်းပါပြီ အဲဒီ လိပ်စာရိုက်မဲ့နေရာမှာ အပေါ်ကပြောခဲ့တဲ့ မိမိမှတ်သားထားသောလိပ်စာအတိကျတစ်ခုကိုရိုက်ထည့်လိုက် မယ်ဆိုပါက အင်တာနက်စာမျက်နှာဆိုတာပေါ်လာမှာအသေချာပဲဖြစ်ပါတယ်။ သို့ပေမဲ့ .. အင်တာနက်လိပ် စာမှား၍သောလည်းကောင်း အခြားဆင်တူလိပ်စာတစ်ခုအားရိုက်ထည့်မိမည်ဆိုပါက မိမိကြည့်လိုသော လိပ်စာအတိုင်းထွက်လာမှာမဟုတ်တာကိုတော့ သတိပြုထားရမဲ့အချက်ပါပဲ။ ဒါဆိုရင်ကျွန်တော်တို့နေ့စဉ် ဖတ်နေကြတဲ့ဂျာနယ်တွေထဲကလိပ်စာတွေတွေ့ရင်မှတ်သားထားပြီးပြန်ကြည့်လို့အဆင်ပြေပြီလို့ယူဆပါတယ်
ဒီနေရာမှာထပ်ထည့်ပြီးပြောချင်တာကတော့ လိပ်စာတွေကိုမှတ်သားတဲ့နေရာမှာရှေ့က http:// တို့ www. တို့ကိုဖြုတ်ပြီးမှတ်သားထားလို့ရသလို Address Box ထဲမှာရိုက်ထည့်ပြီးသုံးတဲ့အခါမှာလည်း အဲဒါတွေကို မထည့်ဘဲ ဖြုတ်ပြီးရိုက်ထည့်ရင်လဲ အလုပ်ဖြစ်ပါတယ်။ ဥပမာ...http://www.google.com ဆိုတဲ့လိပ်စာ ကို လိပ်စာအကွက်ထဲမှာ google.com လို့ပဲရိုက်ထည့်လိုက်ရင် Browser တွေကအလိုလျောက်နားလည် သွားပြီးသက်ဆိုင်ရာ စာမျက်နှာကိုဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ကဲ website လိပ်စာတွေအကြောင်းသိသွား ပြီဆိုရင်တော့ အခုသင်တို့ကြည့်နေတဲ့ ဒီ website ရဲ့မူးရင်းအမည်က http://bglnews.blogspot.com ပါ ကိုယ်တိုင်ရိုက်ထည့်ပြီးကြည့်မယ်ဆိုရင်တော့ bglnews.blogspot.com ဆိုပြီး ဖုန်းမှာပဲဖြစ်ဖြစ် computer မှာပဲဖြစ်ဖြစ်ရိုက်ထည့်ပြီးကြည့်ရှု့နိုင်ပါတယ်။ ၅) အင်တာနက်မှာလိပ်စာတွေမသိတဲ့အခြားအရာတွေကိုဘယ်လိုကြည့်မလဲ ရှာဖွေမလဲ ဒီအပိုင်းကတော့သုံးရတာအရမ်းရိုးရှင်းသလိုအရမ်းထိရောက်တဲ့အပိုင်းပဲဖြစ်ပါတယ်။ Address သိမှဆက် သွယ်လို့ရမယ် အမည်အတိအကျသိမှကြည့်လို့ရမယ်ဆိုတဲ့အချက်ဟာ အရမ်းကိုကန့်သန့်ချက်များလွန်းပါ တယ်၊ ဒါကို Google က Search Engine ရှာဖွေရေးယန္တရားကြီးကအသုံးပြုသူတွေအတွက်အတိုင်းမသိ အသုံးဝင်အောင်ဖန်တီးပေးထားလိုက်ခြင်းဖြစ်ပါတယ်။ Ok .. ရှာဖွေရေးယန္တရားကြီးကိုဘယ်လိုသုံးကြမလဲ အရင်ကတော့ http://www.google.com ဆိုတဲ့လိပ်စာကိုအရင်ရိုက်ထည့်ပြီး လိုချင်တဲ့စာသားကိုထပ်မံ ရှာဖွေရပါတယ်။ အခုကတော့ရှင်းပါတယ်။ လိပ်စာအကွက် Address Box ထဲမှာတင်ပဲ ရှာချင်တဲ့စကားလုံး ကိုရိုက်ထည့်ပြီးရှာဖွေလိုက်ရင်သက်ဆိုင်ရာ မိမိရိုက်ထည့်လိုက်တဲ့စကားလုံးနဲ့ပတ်သက်တဲ့အကြောင်းရာ အချက်လက်တွေကိုထုတ်ပေးမှာပါ။ ဥပမာ ... ကိုယ်က ဘိုကလေးသား ဆိုတဲ့ website ကိုရှာဖွေချင်တယ် ဆို Address Box ထဲမှာ ဘိုကလေးသား လို့ရိုက်ထည့်လိုက်ရင်သက်ဆိုင်တဲ့အကြောင်းတွေထွက်လာမှာပါ ဘိုကလေးသားဆိုတဲ့အမည်နဲ့ အင်တာနက်ထဲမှာဘာမျှရေးသားထားခြင်းမရှိခဲ့ဘူးဆိုရင်တော့ ဘာမှထွက် လာမှာမဟုတ်ပါဘူး။ အဲနောက်မှာ ထွက်လာတဲ့ အချက်အလက်တွေကအများကြီးပြန်ထုတ်ပေးမှာပါ။ အဲလိုပြန်ထုတ်ပေးတဲ့ ရလဒ်တွေထဲကနေမှ မိမိစိတ်ဝင်စားတဲ့အကြောင်းအရာကိုတစ်ချက်ထပ်နှိပ်ဝင်လိုက် ရင်သက်ဆိုင်ရာ လိပ်စာနဲ့အင်တာနက်စာမျက်နာဆီကိုရောက်ရှိသွားပါလိမ့်မယ်။ အဲလိုရောက်ရှိသွားရင်လဲ သူ့လိပ်စာကိုအတိအကျမှတ်သားလို့ရနိုင်ပါတယ်။ ဒါမှနောက်တစ်ခါပြန်ရှာရနေတာမျိုးမဖြစ်ဘဲနဲ့တိုက် ရိုက်လိုချင်တဲ့ စာမျက်နှာတွေဆီကိုအလွယ်တစ်ကူသွားလို့ရမှာပါ။ အဲလိုလိပ်စာတွေကိုမှတ်သားချင်တယ် ဆိုရင်တော့ Address Box ထဲမှာကြည့်လိုက်တာနဲ့ သူ့ရဲ့လိပ်စာပေါ်နေမှာပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ အခြေခံအင်တာနက်သဘောတရားများ (၁) ဆိုတဲ့ခေါင်းစဉ်ကိုဒီနေရာမှာရပ်နားခွင့်ပြုပါ။ အခြေခံအင်တာနက်သဘောတရားများ(၂) ကိုလဲဆက်လက်ရေးသားသွားပါမည်။ (မှတ်ချက်။ ။ မေးခွန်းမေးထားသည့် မသုံးတတ်သူတစ်ယောက်နှစ်ယောက်အတွက်ရည်ရွယ်ရေးသား ထားပြီး တစ်ရာ၊ နှစ်ရာလောက်အတွက်အသုံးဝင်ခဲ့သော် ဤ Post အတွက်ပိတိလွန်စွာဖြစ်ပါ၏။ မသုံးတတ်သေးသော မိမိပတ်ဝန်းကျင်အားကူညီပါ။) M.Min |
AuthorWrite something about yourself. No need to be fancy, just an overview. Archives
July 2013
Categories |